Monday, July 2, 2012

ကျေးဇူးရှင်အား ကျေးဇူးတုံ့ပြန်ခြင်း


ဓါတ်ပုံ- ၀ဲမှ ယာသို့ (ရှေ့တန်း) = မသိင်္ဂီထွန်း (ကျောက်ကပ်အလှူရှင်)၊ ဒေါ်ဝင်းဝင်းမြင့် ( ကျောက်ကပ်ဝေဒနာရှင်)၊
နောက်တန်း = မဖြိုးသူခင် (ဒေါ်ဝင်းဝင်းမြင့်ရဲ့ ဒုတိယ သမီး)

          ပထမဆုံး အနေနဲ့ ကျွန်မ အကြောင်းကို စတင်မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်မ အမည် ကတော့ သိင်္ဂီထွန်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ ကျွန်မ အသက် ၂၇ နှစ် ပြည့်ခဲ့ပါတယ်။ ကျွန်မရဲ့ မိဘများကတော့ ဦးမျိုးသန်းထွန်းနှင့် ဒေါ်ဝင်းဝင်းမြင့် ဖြစ်ပါတယ်။ ကျွန်မမှာ မွေးချင်း ညီမလေးတစ်ယောက်ရှိပါတယ်။ သူ့နာမည် ကတော့ ဖြိုးသူခင် ဖြစ်ပါတယ်။ ဖေဖေ ကတော့ လွန်ခဲ့သော ၁၆ နှစ်ကတည်းက ကွယ်လွန်ခဲ့ပါတယ်။ ကျွန်မရဲ့ ပညာအရည်အချင်းကတော့ B.A(Economics) ဖြစ်ပါတယ်။ ကျွန်မ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်ကတော့ Mandalay Cement Industries Co.,Ltd ရဲ့ Finance Dept မှ Accountant ဖြစ်ပါတယ်။